ခန္ဒာကိုယ်ကောက်ကြောင်းအလှကို ထင်းထင်းကြီးပေါ်လွင်စေတဲ့ ဝတ်စုံလေးနဲ့ ပွဲတက်လာတဲ့ နန်းမွေစံ

ဆရာဝန်မလေး နန်းမွေစံက Sexy Model တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပုရိသကိုကိုတွေ စွဲမက်စေတဲ့ သူမရဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့ သူမရဲ့ ရုပ်ရည်ကြောင့် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နန်းမွေစံက လက်ရှိမှာတော့ ဆရာဝန်အလုပ်နဲ့ Sexy Model တစ်ဦးအဖြစ် ရပ်တည်နေပြီး သရုပ်ဆောင်အလုက်တော့ မလုပ်ကိုင်သေးပါဘူး။

နန်းမွေစံက မနေ့က ဇွန်လ(၃)ရက်နေ့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်တဲ့ “Lady Boy” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို တက်ရောက်ဂုဏ်ပြုပေးခဲ့ပါတယ်။

ထိုပွဲကို တက်ရောက်လာတဲ့ နန်းမွေစံရဲ့ ဖက်ရှင်ဒီဇိုင်းက တော်တော်လေးမိုက်ပြီး လူအများကြားမှာ ထင်ထင်ရှားရှားကြီး ဖြစ်နေပြီး လှနေတာကို တွေ့ရပါတယ်။ နန်းမွေစံက အသားရောင်ဘောင်းဘီလေးအပေါ်မှာ အနက်ရောင်ဇာပါးပါးလေးဝတ်ပြီး တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

နန်းမွေစံကတော့ သူမကိုယ်တိုင် သရုပ်ဆောင်မလုပ်ပေမယ့် “Lady Boy” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာညီအစ်ကိုမောင်နှမတွေကို လာရောက်အားပေးဂုဏ်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

နန်းမွေစံကတော့ ဘယ်အချိန်ကြည့်ကြည့် ပုရိသတွေကို စွဲဆောင်နိုင်သူ မိန်းမချောလေး တစ်ဦးပါပဲ။ ပရိသတ်ကြီးလဲ နန်းမွေစံရဲ့ ရင်သက်ရှုမောဖွယ် ပွဲတက်ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပ်ါတယ်။

Leave a comment

Design a site like this with WordPress.com
Get started